ပျဉ်းမနား မေ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များလဲခြင်း၊ သစ်ကိုင်းများ ကျိုးကျခြင်းများ ဖြစ်ပွားခဲ့ရာ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် လှည့်လည်စစ်ဆေး၍ ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ရှင်းလင်းဆောင်ရွက်ရာတွင် ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦး ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်း၊ အဖွဲ့ဝင် ဗိုလ်မှူးဝေဖြိုးနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်ဝန်ထမ်းများ၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ လဲကျသစ်ပင်များ၊ ကျိုးကျသစ်ကိုင်းများနှင့် အမှိုက်များအား ဖယ်ရှားရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)