တပ်ကုန်းမြို့နယ်၌ နွေစပါးလျာထားဧကထက် ၃၀၀ ဧကကျော် စိုက်ပျိုးနိုင်

တပ်ကုန်း မေ ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ဒေသတွင်းဆန်စပါး ဖူလုံပိုလျှံစေရေး နွေစပါး၇၀၇၀ ဧကလျာထားစိုက်ပျိုးခဲ့ရာ နွေစပါးလျာထားဧကထက် ၃၃၅ ဧက  စိုက်ပျိုးနိုင်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

တပ်ကုန်းမြို့နယ်အနေဖြင့် နွေစပါးများစိုက်ပျိုးရာတွင် ဆင်သေဆည် လက်ဝဲမြောင်း ရေသောက် စနစ်ဖြင့် ၅၆၂၈ ဧကလျာထားစိုက်ပျိုးခဲ့ရာ ၅၈၂၀ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး၊ လက်ယာမြောင်း ရေ သောက်စနစ်ဖြင့် ၁၃၇၂ ဧက လျာထားစိုက်ပျိုးခဲ့ရာ ၁၄၉၀ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး၊ ကင်းသာ ရေလှောင်တမံ ကင်းသာမြောင်းမကြီး ရေသောက်စနစ်ဖြင့် ၇၀ ဧက လျာထားစိုက်ပျိုးခဲ့ရာ  ၉၅ ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် စုစုပေါင်းနွေစပါး ၇၀၇၀ ဧက လျာထားစိုက်ပျိုးခဲ့ရာ စုစုပေါင်း ၇၄၀၅ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ် နွေစပါးစိုက်တောင်သူများအနေဖြင့် စပါးသီးနှံများ စိုက်ပျိုးရာတွင် ဒေသနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် ဆင်းသုခ၊ နှံကောက်၊ ချမ်းမြေ့မေနှင့် GW-11 စပါးမျိုး များစိုက်ပျိုးကြပြီး၊ စပါးသီးနှံများအောင်မြင်သည်အထိ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်