မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်(၃)မြို့နယ်တွင် လူနေအိမ်၊ အခြား အဆောက်အအုံနှင့် လမ်းများ မြေပြိုပျက်ဆီး

ဟားခါး မေ ၁၅

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မေလ ၁၄ ရက်နေ့ (၁၉:၀၀) နာရီအချိန်တွင် ထုတ်ပြန်သည့် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက်အမှတ်စဉ် (၃၁/၂၀၂၃) အရ စစ်တွေမြို့အနီးမှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ( Extremely Severe Cyclonic Storm ) “မိုခါ” (MOCHA)သည် မြောက်− အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ” (MOCHA) အဖြစ်သို့ အားလျော့သွားခဲ့ကာ ချင်းပြည်နယ်၊ ပလက်ဝမြို့ အနီးမှ မြောက်ဘက်သို့လည်းကောင်း၊ ဆက်လက်ရွေ့လျားလျက်ရှိပြီး၊ မေလ ၁၄ ရက် (၂၁၃၀) နာရီအချိန် သတင်းထုတ်ပြန်ချက် (၃၂ / ၂၀၂၃) အရ ချင်းပြည်နယ်၊ ပလက်ဝမြို့အနီးမှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ” (MOCHA) သည် မြောက်−အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း  (Severe Cyclonic Storm) “မိုခါ” (MOCHA) အဖြစ်သို့ အားလျော့သွားခဲ့ကာ မတူပီမြို့အနီးမှ မြောက်−အရှေ့မြောက်ဘက်သို့ လည်းကောင်း ဆက်လက် ရွေ့လျားခဲ့ပြီး  မေ ၁၅ ရက် မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန်ထုတ်ပြန်သည့် သတင်း ထုတ်ပြန်ချက် (၃၃/၂၀၂၃) အရ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “မိုခါ” (MOCHA) သည် မြောက်−အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “မိုခါ” (MOCHA) အဖြစ်သို့ အားလျော့သွားခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီး၊ အထက်ပိုင်း၊ ကသာမြို့အနီးမှ မြောက်−အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ကြောင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သည် မုန်တိုင်းဖြတ်ကျော်ပြီးဖြစ်သည့်အတွက် အစိမ်းရောင် အဆင့်ဟု သတ်မှတ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) သည် ချင်းပြည်နယ်အတွင်း ဖြတ်ကျော်ဝင်ရောက်စဉ် ဟားခါးမြို့တွင် အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ (၄၅)မိုင်မှ (၅၀)မိုင်နှုန်းဖြင့် တိုက်ခတ်ခဲ့ပြီး၊ မိုးရေချိန် ၄ ဒသမ ၁၉ လက်မ ရွာသွန်းခဲ့ပါသည်။

ချင်းပြည်နယ်အတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ဟားခါးမြို့တွင် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနေအိမ် (၁) လုံး၊ သွပ် (၄) ချပ်အမိုးလန် တန်ဖိုး ၁၀၀၀၀၀/− ၊ သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်းနေအိမ် (၁) လုံး ၊ သွပ် (၂၂) ချပ်အမိုးလန်ပျက်စီး တန်ဖိုး ၆၈၀၀၀၀/− ၊ တီးတိန်မြို့နယ် ၊ ဗာလ်ဗုမ်းကျေးရွာတွင် လူနေအိမ် (၁)လုံး သွပ်မိုး (၂၀)ချပ် မိုးလန်ပျက်စီး တန်ဖိုး ၂၅၆၀၀၀/− ၊ ဒိမ်လိုးကျေးရွာတွင် လူနေအိမ် (၅) လုံး သွပ် (၁၃၀) ချပ် အမိုးလန်ပျက်စီး တန်ဖိုး ၂၀၈၀၀၀၀/−၊ ဆွောင်းပီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ထုတ်တန်း ၁၂ ပေ (၂၀) ချောင်း၊ သွပ် (၁၂၀) ချပ်မိုးလန်ပျက်စီး စုစုပေါင်းကာလတန်ဖိုး ၅၅၂၀၀၀၀/−၊ ခေါဆမူလတန်းလွန် ကျောင်း ထုတ်တန်း ၁၂ ပေ (၁၅) ချောင်း၊ သွပ် (၃၀)ချပ် မိုးလန်ပျက်စီး ကာလတန်ဖိုး ၇၅၀၀၀၀/−၊  မတူပီမြို့တွင် ဆောက်လုပ်ဆဲ ခရိုင်စုပေါင်းရုံး အမိုးသွပ်လန် (၂၀၀) ချပ် ၊ တန်ဖိုး ၅၀၀၀၀၀၀/− ၊ ၄ ပေ၊ ၃ ပေ ပြတင်းပေါက်မှန် (၅၀) ချပ် တန်ဖိုး ၂၀၀၀၀၀၀/−၊ တစ်ပေပတ်လည် ပြတင်းမှန် (၁၀) ချပ် တန်ဖိုး ၅၀၀၀၀/− ၊ တောင်တန်းသာသနာပြု ဘုန်းကြီးကျောင်း သိမ်ပြတင်းမှန် (၃) ချပ် တန်ဖိုး ၁၅၀၀၀/− ၊ ကွန်ကရစ်မီးတိုင် (၄)တိုင် တန်ဖိုး ၈၀၀၀၀၀/− ၊ စင်္ကြန်လမ်း အမိုးသွပ် (၄) ချပ် ၁၀၀၀၀၀/− စုစုပေါင်း ၇၉၆၅၀၀၀/− ၊ သွပ်မိုး ၊ ပျဉ်ခင်း၊ ပျဉ်ကာနေအိမ် (၁) လုံး သွပ် (၅) ချပ် အမိုးလန်ပျက်စီး တန်ဖိုး ၅၀၀၀၀/− ၊ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာနေအိမ် (၁) လုံး ၊ သွပ် (၂၀) ချပ် အမိုးလန်ပျက်စီး တန်ဖိုး ၂၀၀၀၀၀/− ၊ သွပ်မိုး ၊ ကွန်ကရစ်ခင်း ၊ အုတ်ညှပ်နေအိမ် (၁) လုံး သွပ် (၃၀)ချပ် အမိုးလန်ပျက်စီး တန်ဖိုး ၃၀၀၀၀၀/− ၊ ဆိုင်ကလုန်းရှာလ်တာ အမိုးသွပ် (၁၀၀) ချပ် အမိုး လန်ပျက်စီး တန်ဖိုး ၂၀၀၀၀၀၀/− ၊ လိုင်လင်းပီမြို့တွင် အခြေခံပညာအထက်တန်းကျောင်း စာသင် ဆောင် (၂) ဆောင်၊ သွပ် (၁၂၀) ချပ်အမိုးလန်၊ အိမ်သာ (၂) ခန်းတွဲ (၂)လုံး သွပ် (၈) ချပ် အမိုးလန် ၊ တောင်တန်းသာသနာပြုဘုန်းကြီးကျောင်း သွပ် (၆၀) ချပ်အမိုးလန် ၊ ဘုန်းကြီးကျောင်းရှိ ဂါလံ (၅၀၀)ဆံ့ ဖိုင်ဘာရေတိုင်ကီ ၁ လုံးပြုတ်ကျပျက်စီး ၊ လိုင်လင်းပီမီးသတ်စခန်း လူပျိုအိပ်ဆောင် (၃၅)ဦးဆံ့ ပြိုကျပျက်စီး ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဆောက်အဦ (လူမနေ) သွပ် (၆၀) ချပ် အမိုးလန် ၊ ပြတင်းပေါက်မှန် ၃ ပေ၊ ၂ ပေ (၁၅)ချပ် ၊ ၄ ပေ ၊ ၆ ပေ (၂၅) ချပ်ကွဲ ၊ အိမ်ထောင်သည်လိုင်း (၄) ခန်းတွဲ သွပ် (၄၀) ချပ်အမိုးလန် ၊ လိုင်းခန်းအရှေ့ဘက်ခြမ်း ပြိုကျပျက်စီး (လူမနေ) ၊ ရပ်ကွက် (၁) နေအိမ် (၂၆) လုံးနှင့် ရပ်ကွက်(၂)နေအိမ် ( ၃၄) လုံး၏ သွပ် (၉၄၀) ချပ် အမိုးလန် ၊ မြို့နယ်ပြည်သူ့ဆေးရုံ ဆေးကုသဆောင် သွပ် (၇၅) ချပ်အမိုးလန် ၊ ဆေးရုံရှေ့မှန် ၂ ပေ ၊ ၅ ပေ (၅၀) ချပ်ကွဲကျပျက်စီး ၊ ဆေးရုံရှေ့ ဂါလံ (၅၀၀) ဆံ့ ဖိုင်ဘာရေတိုင်ကီ (၁) လုံးပျက်စီး ၊ ဆေးရုံဝန်ထမ်းအိမ်ယာ ရေတိုင်ကီ ဂါလံ (၅၀၀) ဆံ့ (၂) လုံး ပြုတ်ကျပျက်စီး ၊ လိုင်လင်းပီ စာတိုက် သွပ် (၁၅) ချပ်အမိုးလန် ၊ ပြတင်းပေါက် ၂ ပေ ၊ ၃ ပေ (၅) ချပ် ကွဲကျပျက်စီးပြီး လူ ၊ တိရိစ္ဆာန်ထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

အလားတူ မိုးရွာသွန်းမှုကြောင့် မင်းတပ်−ကျောက်ထုလမ်း မိုင်တိုင် ၁၂/၆ နှင့် ၁၂/၇ အကြား အရှည် ၃၅ မီတာ၊ အကျယ် ၈ မီတာ (၁) နေရာ  ၊ မိုင်တိုင် ၁၂/၇ နှင့် ၁၃/၂ အကြား အရှည် ၄၅ မီတာ ၊ အကျယ် ၇ မီတာ (၁) နေရာ ၊ မိုင်တိုင် ၁၃ / ၀ နှင့် ၁၃ / ၁ အကြား အရှည် ၃၈ မီတာ ၊ အကျယ် ၆ ဒဿမ ၅ မီတာ (၁) နေရာတွင်လည်းကောင်း ၊ သိုင်းငင်း−တီးတိန်လမ်း မိုင်တိုင် ၃၆/၀ နှင့် ၃၆/၁ အကြား အရှည် ၄၅ မီတာ ၊ အကျယ် ၇ ဒဿမ ၅ မီတာ (၁) နေရာ တွင်လည်းကောင်း ၊ ကလေး− ဖလမ်း−ဟားခါးလမ်း မိုင်တိုင် ၄၉/၀ နှင့် ၄၉/၁ အကြား အရှည် ၁၀၀ မီတာ ၊ အကျယ် ၈ မီတာ (၁) နေရာတွင်လည်းကောင်း မြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီး ၄င်းမြေပြိုမှုဖြစ်ပွားရာ နေရာများအား လမ်းပန်း ဆက်သွယ်ရေး မပြတ်တောက်စေရေးအတွက် သက်ဆိုင်ရာလမ်းဦးစီးဌာနမှ ယာဉ်ငယ်များ သွားလာနိုင်ရေးအတွက် ပထမအဆင့်အဖြစ် ချက်ချင်းဆောင်ရွက်ပေးခဲ့ပြီး ယာဉ်ကြီး များပါသွားလာ နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (NDMC) ၏ လမ်းညွှန်ချက်အရ ချင်းပြည်နယ်တွင် ဘဘာဝဘေးဒဏ်ကြောင့် မြေပြိုမှုဖြစ်ပွားပါက အန္တရာယ်ကင်းစေရေန် ဒေသခံ ပြည်သူ အိမ်ထောင်စု (၈၇၈) စု ၊ ကျား (၁၅၈၁) ဦး ၊ မ (၁၈၃၄) ဦး ၊ စုစုပေါင်းလူဦးရေ (၃၄၁၅) ဦးအား သတ်မှတ်ထားသည့် ယာယီစခန်းများသို့ ပြောင်းရွေ့ပေးနိုင်ခဲ့ပါသည်။

သဘာဝဘေးသင့်ပြည်သူများအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဟားခါးမြို့နယ်တွင် ဆန်(၄၇) အိတ်၊ ဆီ(၅၆)ပိဿာ၊ ဆား(၂၄)ပိဿာ ၊ ငါးပိ(၁၆)ပိဿာ၊ ပဲ(၁၅၇)ပိဿာ၊ ဖလမ်း မြို့နယ်တွင် ဆန် (၁၄ ဒဿမ ၂၀) အိတ်၊ ဆီ(၁၂)ပိဿာ၊ ဆား(၅)ပိဿာ၊ ငါးပိ(၃)ပိဿာ၊ ပဲ(၂၇)ပိဿာ၊ တီးတိန် မြို့နယ်တွင် ဆန်(၂၂၂)အိတ်၊ ဆီ(၃၃၇ ဒဿမ ၅၀)ပိဿာ၊ ဆား (၁၁၂ ဒဿမ ၅၀) ပိဿာ၊ ငါးပိ(၇၅)ပိဿာ၊ ပဲ(၇၅၀)ပိဿာ၊ မတူပီမြို့နယ်တွင် ဆန် (၁၁၈ ဒဿမ ၇၃) အိတ် ၊ ဆီ (၁၇၈ ဒဿမ ၈) ပိဿာ၊ ဆား (၅၈ ဒဿမ ၀၆) ပိဿာ၊ ငါးပိ (၃၇ ဒဿမ ၇၁) ပိဿာ၊ မင်းတပ်မြို့နယ်တွင် ဆန် (၉ ဒဿမ ၈၈) အိတ်၊ ဆီ (၁၁ ဒဿမ ၅) ပိဿာ ၊ ဆား(၂၃)ပိဿာ၊ ပလက်ဝမြို့နယ်တွင် ဆန်(၂၅)အိတ်၊ ဆီ (၄၁ ဒဿမ ၃၈) ပိဿာ၊ ဆား (၂၈ ဒဿမ ၉၁) ပိဿာ၊ ငါးပိ (၈ ဒဿမ ၂၁) ပိဿာ၊ ပဲ (၁၂၀ ဒဿမ ၉၈) ပိဿာ၊ ရေ (၆၆၂၀) လီတာ ထောက်ပံ့ပေးခဲ့ပါသည်။

သဘာဝဘေးသင့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ (NDMC) မှ ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များအတွက် ဆန်တန်ချိန် (၁၉၀၀)နှင့် မြောက်ပိုင်း မြို့နယ်များအတွက် ဆန်တန်ချိန် (၁၁၀၀) ၊ စုစုပေါင်း ဆန်တန်ချိန် (၃၀၀၀) ထောက်ပံ့ပေးရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။