သရက်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သခင်တံတား(ပါးပွတ်) တံတားချည်းကပ်လမ်းပျက်စီး 

သရက် မေ ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် မေလ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပါးပွတ်ရွာ အနီးပနီချောင်းရေကြီးရေလျှံဖြစ်ပြီး သခင်တံတား(ပါးပွတ်)တံတားချည်းကပ်လမ်း (၄၀၀)ပေခန့် တိုက်စားပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ တံတားအားအသုံးပြုနေသည့် ပါးပွတ်၊ တုံ၊ ပေါက်ဦးကား၊ ရွာမကျေးရွာများရှိ ပြည်သူများလတ်တလောသွားလာမှု အဆင်ပြေစေရန်မြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသက်ဆိုင်ရာဌာနဆိုင်ရာများနှင့် အတူကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ တံတားချည်းကပ်လမ်း(၄၀၀)ပေ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကျပ်(၁၃.၀၀)သန်းဖြစ်ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ၊ JIP (ဂျပန်ကုမ္ပဏီ)၏ လှူဒါန်းမှုတို့ဖြင့် ဆောက်လုပ်ခဲ့သည့် တံတားဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်