မင်းလှမြို့၌သဘာဝဘေးအန္တရာယ်‌ ကြောင့်ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်သည့် မိသားစုဝင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အလှူရှင်များစုပေါင်း၍ ထမင်းဗူးနှင့် သောက်ရေသန့်များလှူဒါန်းပေး

အထက်မင်းလှ မေ ၁၅

မကွေးတိုင်းဒေသကြီး၊    သရက်ခရိုင်၊  မင်းလှမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ   ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဧရာဝတီမြစ်ကမ်းဘေးတွင်ရှိသော တောင်ရပ်ကွက်မှ မုန်တိုင်အားနည်းသည့် နေအိမ်များမှ အိမ်ထောင်စုဝင်များအား သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးဘေးလွှတ်ရာ ဖြစ်သည့်တောင်ရပ်ကွက် (အမက)သို့ ရွှေ့ပြောင်းနေရာချထားပေးခဲ့ပြီး ယမန်နေ့ညနေ ၆  နာရီက  အဆိုပါ အိမ်ထောင်စုများအား ထမင်းဗူးနှင့်သောက်ရေသန့်ဗူးများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊အလှူရှင်များစုပေါင်း၍ လှူဒါန်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့များ၊ မင်းလှမြို့နယ်မှ အလှူရှင်များ ပေါင်း၍ဧရာဝတီမြစ်ကမ်းဘေးရှိ  တောင်ရပ်ကွက်မှ  အိမ်ထောင်စု ၃၄ စု၊ ကျား ၃၇ ဦး၊မ ၆၀ဦး စုစုပေါင်း ဦးစုစုပေါင်းလူဦးရေ(၉၇)ဦး အားလူတစ်ဦးလျှင် ထမင်းဗူး တစ်ဗူး၊ သောက်ရေသန့် တစ်လီတာတစ်ဗူးနှုန်းဖြင့် ထမင်းဗူး(၉၇)ဗူး သောက်ရေသန့် (၉၇)လုံးအား  ပြောင်းရွှေ့အိမ်ထာင်စု များမှမိသားစုဝင်များထံ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)