မြောင်းမြ မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် မေလ ၁၄ ရက်နေ့က လေပြင်းဒဏ်ကြောင့် ကြက်မွေးမြူရေးခြံများ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။
အဆိုပါ ထိခိုက်ပျက်စီးသည့် ကြက်ခြံများမှာ ရေကျော်ကုန်းကျေးရွာရှိ ဦးစိုးမြင့်အောင် ပိုင်ဆိုင်သည့် ဝါးဓနိမိုး သစ်သားတိုင်ကြက်ခြံ (၂) ခြံ၊ အဆောက်အဦးနှင့် တိရစ္ဆာန် ဆုံးရှုံးမှုတန်ဘိုး ကျပ်သိန်း ၁၃၀ ခန့်၊ ကံ့ကော်စုကျေးရွာရှိ ဦးဖြိုးအောင် ပိုင်ဆိုင်သည့် ကြက်မထည့်ရသေးသည့် ကြက်ခြံတစ်ခြံ၊ တန်ဘိုးကျပ် ၇ သိန်းခန့်၊ သိလ္လာဂါတ်စုကျေးရွာရှိ ဦးအောင်သန်းစိုး ပိုင်ဆိုင်သည့် ဝါးဓနိမိုးထရံကာဝါးတိုင် ကြက်ခြံတစ်ခြံ၊ တိရစ္ဆာန်ထိခိုက်မှုမရှိ အဆောက်အဦးတန်ဘိုး တန်ဘိုးကျပ်သိန်း (၂၀) ခန့်၊ ပျက်စီးဆုံးရှုံးမှု ရှိကြောင်းသိရသည်။
အဆိုပါ ထိခိုက်မှုရှိသည့် ကြက်ခြံများသို့ သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)