ကျွန်းစုမြို့တွင် မုန်တိုင်းကာလအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရေး လက်ကမ်း စာစောင်များဖြန့်ဝေ

ကျွန်းစု မေ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မုန်တိုင်းကာလအတွင်း  သဘာဝဘေးအန္တရာယ်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရေး လက်ကမ်းစာစောင်များကို ယနေ့နံနက်(၉)နာရီခွဲ အချိန်က ကျွန်းစုမြို့ အမှတ်(၁)ရပ်ကွက် မြို့အဝင် ဆိပ်ကမ်း၌ အသိပေးဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးတင်ထွန်းနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သန်းဖြူလွင်နှင့်ဝန်ထမ်းများ ပူးပေါင်း၍ မြိတ်မြို့မှ ကျွန်းစုမြို့သို့  လိုက်ပါစီးနင်းလာသော ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား မုန်တိုင်းကြောင့် ဘေးအန္တရာယ်ဖြစ်ပွားမှုလျှော့ချနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ မုန်တိုင်းသတင်းကြေညာချက်ကို ကြားသိပါက ကြိုတင်ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းတိုက်ခတ်ချိန်နှင့် မုန်တိုင်းတိုက်ခတ်ပြီးချိန်တို့တွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ အချိန်နှင့်တပြေးညီ ထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများဖြင့် သတိပြုနေထိုင်ကြရန်  အသိပေးပြောကြားခဲ့ပြီး  အသိပညာပေး  လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 (ကျွန်းစု၊ ပြန်/ဆက်)