ဒေးဒရဲ မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မေလ(၁၄)ရက်နေ့ ညပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပြိုလဲပျက်စီးခဲ့သည့် မိသားစုများအား ကယ်ဆယ်ရေးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေနှင့်ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့ညနေ (၄)နာရီက အုန်းပင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါထောက်ပံ့ခြင်းကို အနောက်တောင်တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ်ကျော်စိုးလွင်၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့်အဖွဲ့ဝင်များ၊ ဖျာပုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများကလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သည့် လေးအိမ်တန်းကျေးရွာအုပ်စု၊ စိန်လေးကုန်းကျေးရွာအုပ်စုက အိမ်ထောင်စု(၂)စုအား ကယ်ဆယ်ရေးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
အေဇာလင်း