ပျဉ်းမနားမြို့၊ မင်္ဂလာကန် သဲနုံးများ တူးဖော်ရေးလုပ်ငန်း ၁၈ ဒသမ ၄၀ ရာခိုင်နှုန်း ပြီးစီး

ပျဉ်းမနား မေ ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့၊ မင်္ဂလာကန်အတွင်း သဲနုံးတူးဖော်ခြင်း လုပ်ငန်းများကို မေလ ၁၃ ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်္ဂလာကန်အတွင်း ရေစုကန်တူးဖော်ခြင်းနှင့် ရေခေါ်မြောင်းဖောက်လုပ်ခြင်း၊ ကန်အား နေပူလှန်း၍ ခြောက်သွေ့အောင်ထားခြင်း၊ နုံးများအား တူးဖော်၍ စုပုံခြင်း၊ စုပုံထားသော မြေများကို ခြောက်သွေ့အောင်ထားခြင်းနှင့် သယ်ဆောင်စွန့်ပစ်ခြင်း စသည့် လုပ်ငန်းစဉ်များကို စက်ယန္တရားများဖြင့် ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများကို စနစ်တကျရှိစေရေး၊ အချန်မီပြီးစီးရေးကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပျဉ်းမနားမြို့၊ မင်္ဂလာကန်အတွင်းရှိ သဲနုံးတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများမှာ ကျင်းပေါင်း ၁၀၀၀ လျာထားသည့်အနက်မှ မေလ ၁၄ ရက်နေ့ အထိ သဲနုန်းကျင်း 184 ကျင်း တူးဖော်ပြီးစီး၍ ရာခိုင်နှုန်းအားဖြင့် ၁၈ ဒသမ ၄၀  ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)