သာပေါင်း မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မိုးသက်လေပြင်းဘေးကြောင့် နေအိမ်ပြိုကျပျက်စီးမှုနှင့် အမိုးလန်ပျက်စီးမိသားစုများအား ယနေ့ မေလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှစတင်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ထောက်ပံ့ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးခြောက်များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ထောက်ပံ့သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးခြောက်များအား မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲ့မှုကော်မတီဥက္ကဌဦးမင်းရာထိုက်နှင့်အဖွဲ့ဝင်တို့က သာပေါင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအုပ်စုများတွင် မိုးသက်လေပြင်းဘေးကြောင့် နေအိမ်ပြိုကျပျက်စီးမှုနှင့် အမိုးလန်ပျက်စီးမိသားစုများအား ကျေးရွာများအရောက်လက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)