စစ်ကိုင်းမြို့တွင် ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် အချို့ရပ်ကွက်များရှိ သစ်ပင်ကြီးများပြိုလဲ

စစ်ကိုင်း မေ ၁၆

စစ်ကိုင်းမြို့တွင် မေ(၁၄)ရက်၊ ညပိုင်းက ဆိုင်ကလုန်မုန်တိုင်း(မုန်ခါ)၏ တိုက်ခတ်မှုကြောင့် ရပ်ကွက်အချို့ရှိ သက်တမ်းရင့်သစ်ပင်ကြီးများ ပြိုလဲခဲ့ကြောင်းသိရသည်။

အဆိုပါလဲကြခဲ့သည့် သစ်ပင်/ သစ်ကိုင်းများအား စစ်ကိုင်းခရိုင်/ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်း၍ ခုတ်ထွင်ရှင်းလင်းပေးခဲ့ကြရာ လမ်းမကြီးပေါ်လဲကြနေသော သစ်ပင်များရှင်လင်းသွားပြီး ရပ်ကွက်နေပြည်သူများ သွားလာရေးအဆင်ပြေခဲ့ကြသည်။

ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့ဝင်တွေ မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ မုန်းတိုင်းကျရောက်တော့ မယ်ဆိုတဲ့ သတင်းတွေရရှိပြီးကတည်းကခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ လမ်းညွှန်မှုများ နဲ့အညီ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူတွေကိုအသိပညာတွေ လှုံ့ဆော်ပေးတယ်ကယ်ဆယ်ရေးအတွက် လေ့ကျင့်မှုတွေဆောင်ရွက်တယ် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေအတွက်လည်း ပါဝင်ဆောင်ရွက်နိုင်အောင် ဆောင်ရွက်ထားပါတယ် အခုလည်းအချို့ရပ်ကွက်အတွင်းလဲကျနေတဲ့ သင်ပင်တွေကို အမြန်ဆုံးရှင်းလင်းဆောင်ရွက်ပေးနေပါတယ်”ဟု ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

အဆိုပါ မုန်းတိုင်းတိုက်ခတ်မှုကြောင့် စစ်ကိုင်းမြို့အတွင်း လူနှင့်တရိစ္ဆာန်များ၊ အဆောက်အဦများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင် (ပြန်/ဆက်)