ဖျာပုံ မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ပျက်စီးသွားသောအိမ်ထောင်စုများအား ဖျာပုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် တာဝန်ရှိသူများသည်ယနေ့ နံနက် ပိုင်းကမင်းလှစုကျေးရွာ၊ မရဲ့ပျားမွတ်ကျေးရွာနှင့် ကျုံကဒွန်းကျေးရွာတို့ရှိလူနေအိမ်(၅)လုံးအား၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁)ပုံးစီနှင့် အိမ်ဆောက်ပစ္စည်းအတွက်ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်ဖိုးငွေများ ပေးအပ်ရာတွင်ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးအရာရှိဒေါ်ဝင်ပပကျော်နှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးစောနေနိုင်ထွန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အုပ်ချုပ်ရေးမှူးများသည်မင်းလှစုကျေးရွာ၊ မရဲ့ပျားမွတ် ကျေးရွာနှင့်ကျုံကဒွန်းကျေးရွာတို့တွင် ယမန်နေ့ကဖြစ်ပွားခဲ့သော လေပြင်းတိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့်နေ့အိမ် (၄)လုံးနှင့်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ် (၁)လုံး၊ စုစုပေါင်းနေအိမ် (၅)လုံး၊ အိမ်ထောင်စု (၅)စုမှလူဦးရေ (၁၇) ဦးအတွက်ဆန်ရိက္ခာဖိုး (၇)ရက်စာငွေ ကျပ်(၃၅၇၀၀ိ/-)၊ ပြိုကျပျက်စီးခဲ့သည့်အိမ်ထောင်စု (၄) စုအတွက် အိမ်ဆောက်ပစ္စည်းဝယ်ယူရန်အတွက် ငွေ(၅၀၀၀၀၀ိ/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ် (၁)လုံးအတွက် ၊အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀ိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးငွေ (၅၈၅၇၀၀ိ/-) နှင့် ပြိုကျပျက်စီးခဲ့သည့်အိမ်ထောင်စု (၄)စုအတွက် တန်ဖိုး (၂၄၉၆၃၈/-)ရှိကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ(စက္ကူပုံးပါ)(၄)ပုံးတို့အား မြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်းသိရှိရသည်။
အောင်ဝင်းနိုင်
ခရိုင် (ပြန်/ဆက်)