ရေတာရှည်မြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်​ထောင်စုများအား ထောက်ပံ့ပေးအပ်

ရေတာရှည်   မေ    ၁၇ 

ပဲခူး​တိုင်းဒေသကြီး၊ တောင်ငူခရိုင်၊  ရေတာရှည်မြို့နယ်အတွင်း မေလ ၁၄  ရက်နှင့် ၁၅ ရက်​နေ့များတွင် မိုးရွာသွန်းကာ လေပြင်းတိုက်ခတ်ခဲ့သဖြင့် ရပ်ကွက်/ ကျေးရွာများတွင်  ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်များအမိုးလန်ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ရာ ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၂:၃၀ နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ​ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းလင်းက အားပေးစကားပြောကြားခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း(၂)ကျောင်းနှင့် လူနေအိမ်(၃၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၁၃၇၀၀ဝိ/-) ကျပ်၊ အိမ်ထောင်စု(၃၉)စုရှိလူဦးရေ (၁၅၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၄၅၀၃၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၁၅၈၇၃၀ဝိ/-)ကျပ်အား တာဝန်ရှိသူများမှ အသီးသီးထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)