မြို့သစ် မေ ၁၇
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် မေလ (၁၃)ရက်နေ့မှ (၁၅)ရက်နေ့အထိ လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု(၇)အုပ်စု၊ ကျေးရွာ (၁၀)ရွာတို့မှ ပြိုကျ/ အမိုးလန်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း (၂)ကျောင်းနှင့် လေဘေးသင့်အိမ်ထောင်စုများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေပေးအပ်ခြင်းကို မေလ ၁၅ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများက ကျေးရွာများအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့သစ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များမှ လေဘေးသင့် ပြိုကျ / အမိုးလန် ဘုန်းတော်ကြီးကျောင်း (၂) ကျောင်းအတွက် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းလျှင် ဆန်အိတ်(၁)လုံး၊ ဆီ(၁)ပိဿာ၊ ဆား(၅၀)ကျပ်သား၊ ကုလားပဲ (၅၀) ကျပ်သားစီနှင့် လေဘေးသင့်အိမ်ထောင်စု (၁၀)စုအတွက် ဆန်(၆)ပြည်၊ ဆီ (၅၀)ကျပ်သား၊ ဆား (၅၀) ကျပ်သား၊ ကုလားပဲ (၂၅)ကျပ်သားစီ ထောက်ပံ့ပေးအပ်ပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့် ဘုန်းတော်ကြီးကျောင်း (၂) ကျောင်း၊ အမိုးလန်အိမ်ခြေ (၁၀)လုံး၊ လူဦးရေ (၄၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၉၆၆၀၀/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၅၀၅၀၀၀/-) တိတိအား အိမ်ထောင်စုများ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)