ဗန်းမော် မေ ၁၇
ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်တံခွန်းခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade -9 သင်ရိုးသစ်ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို မေ ၁၇ ရက် နံနက် ၉နာရီခန့်က ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုးက Grade-9 သင်ရိုးသစ်ကို အကောင်အထည်ဖော်ကြမဲ့ ဆရာ၊ ဆရာမများအနေနဲ့ သက်ဆိုင်ရာပညာရေးသင်ရိုး ညွှန်းတမ်းမှာပါတဲ့ ရည်ရွယ်ချက်များ အောင်မြင်ဖို့နဲ့ ကျောင်းသား၊ကျောင်းသူများကို ဗလငါးတန် ဖွံ့ဖြိုးပြီး အရည်အချင်းပြည့်ဝတဲ့ နိုင်ငံသားကောင်းများ ဖြစ်လာစေဖို့အတွက် စေတနာ ၊ဝါသနာ၊ အနစ်နာခံပြီး သင်ကြားပေးကြဖို့ သင်တန်းနည်းပြများနှင့် တက်ရောက်သူဆရာ၊ဆရာမများအားလုံး ဝိုင်းဝန်းကြိုးပမ်းပေးသွားကြဖို့လိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ဗန်းမော်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဝင်းနိုင်က Grade -9 သင်ရိုးသစ်နှင့်ပတ်သက်သည်များကိုရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဦးထွန်းအေးကျော်က သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ဗန်းမော်၊ မိုးမောက်၊ မံစီနှင့် ရွှေကူမြို့နယ်များမှ အခြေခံပညာအလယ်တန်းပြ ဆရာ၊ဆရာမများ (၈၇၄)ဦး တက်ရောက်မည်ဖြစ်ကြောင်းနှင့်သင်တန်းကာလမှာ (၁၇.၅.၂၀၂၃)ရက် နေ့မှ (၂၄.၅.၂၀၂၃) ရက်နေ့အထိ (၈) ရက်ကြာ ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရ သည်။
ခရိုင်ပြန်/ဆက်