လဲချား မေ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အ.လ.ကကျောင်းနှင့် အထက(ခွဲ)နောင်မိန်းကျောင်းတို့တွင် ယနေ့နံနက်(၇)နာရီခွဲအချိန်က ကျောင်းသန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ ကျောင်းသားမိဘများမှ စုပေါင်း၍ ကျောင်းအတွင်း/အပြင် အမှိုက်များ ရှင်းလင်းသိမ်းဆည်းခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများကို ပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
လဲချား(မြို့နယ်ပြန်/ဆက်)