လယ်ဝေးမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများသို့ ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှ အခမဲ့ ကွင်းဆင်းကုသ

လယ်ဝေး မေ ၂၀

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများသို့ ယမန်နေ့ နံနက်ပိုင်းက ဒက္ခိဏခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးဖြင့် အခမဲ့ ကွင်းဆင်းကုသပေးခဲ့သည်။

တိုင်းရင်းဆေးပညာဦးစီးဌာန၊  ဒက္ခိဏခရိုင်ဦးစီးမှူး ဒေါ်အေးအေးအောင် နှင့်ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် အောင်မြင်ကုန်းကျေးရွာသို့လည်းကောင်း၊ နေ့လယ်ပိုင်းတွင် တံတားဦးကျေးရွာသို့လည်းကောင်း သွားရောက်၍ ကျေးရွာသူ၊ ကျေးရွာသား ၄၄ ဦးအား တိုင်းရင်းဆေးဖြင့်အခမဲ့ကုသပေးခဲ့ကြောင်း သိရသည်။ 

ဝေကြည်(ပြန်/ဆက်)