သာပေါင်း မေ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မေလ ဒုတိယပတ်အတွင်း မိုးသက်လေပြင်းဘေးကြောင့် အိမ်ပြို၊ အမိုးလန်ခဲ့သည့်နေအိမ်များအား မီးသတ်တပ်ဖွဲ့ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့မှ ကူညီရှင်းလင်းဖယ်ရှားခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ မေလဒုတိယပတ်အတွင်းက မိုးသက်လေပြင်းဘေးကြောင့် ရပ်ကွက်၊ကျေးရွာများရှိ ပြည်သူများ၏ နေအိမ်(၄၁)လုံးပြိုကျပျက်စီးမှုနှင့် နေအိမ်အမိုးလန်(၄၃)လုံး ပေါင်း(၄၈)လုံးတို့ ပျက်စီးခဲ့မှုတို့ကို သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ် အရေးပေါ်တုံ့ပြန်ရေး၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်တို့က သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပြိုလဲသွားသည့်အိမ်များအား ကူညီရှင်းလင်းဖယ်ရှားပေးခြင်းများ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း (သာပေါင်းပြန်/ဆက်)