ပုသိမ် မေ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်း နွေစပါး၊ပဲတီစိမ်းဝယ်ယူကြိတ်ခွဲသည့် အစုအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအမှတ်စဉ်(၁/၂၀၂၃)ကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပုသိမ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းစိုးမှ မြို့နယ်များအလိုက်နွေစပါးနှင့် ပဲတီစိမ်းဝယ်ယူကြိတ်ခွဲရေးသို့ ရောက်ရှိမှုစာရင်းများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ပုသိမ်ခရိုင်အတွင်းရှိ (၄)မြို့နယ်မှ နွေစပါး၊ ပဲတီစိမ်းဝယ်ယူကြိတ်ခွဲသည့် အစုအဖွဲ့များမှဆွေးနွေးတင်ပြခဲ့ကြပြီး တင်ပြချက်များနှင့်ပတ်သက်၍ အထွေထွေဆွေးနွေးခြင်းများ ပြုလုပ်ကာ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ နိဂုံးချုပ်စကား ပြောကြားပြီး အခမ်းအနား ကိုရုပ်သိမ်းခဲ့ကြသည်။
လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိန်မောင်မြင့်၊ ခရိုင်အတွင်းရှိ ပုသိမ်၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ငပုတော)မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ် လယ်စီအင်းဦးစီးဌာန မှူးများ၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးများ ခရိုင်/မြို့နယ် စိုက်ဘဏ်မန်နေဂျာများ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများနဲ့လုပ်ငန်းရှင်များတက်ရောက်ကြသည်။
မြင့်ဟန်