ဥတ္တရသီရိမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးပိုးလောက်လန်းသေ (Abate) ဆေးခပ်ခြင်းများဆောင်ရွက်

ဥတ္တရသီရိ မေ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊  ဥတ္တရသီရိရပ်ကွက်အတွင်းရှိ လူမှုဖူလုံ‌ရေးဝန်ထမ်းအိမ်ရာများနှင့် ချင်းရွာတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ပိုးလောက်လန်းသေ(Abate) ဆေးခပ်ခြင်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဥတ္တရသီရိမြို့နယ် ကုတင် ၅၀ဆံ့ ပြည်သူ့ရုံမှဘက်စုံသားဖွားဆရာမ ဒေါ်ဝေမာလွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဒေါ်မီမီဇင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်က‌လေး​စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်ကြက်‌‌ခြေနီအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးများနှင့် တာဝန်ရှိသူများက ရပ်ကွက်အတွင်းရှိ ရေလှောင်ကန်များ၊ ရေစည်များ၊ ရေအိုးများ၊ ဘုရားပန်းအိုးများနှင့် ခြင်ပေါက်ဖွားနိုင်သော နေရာများကို လိုက်လံစစ်ဆေးခဲ့ပြီး ပိုးလောက်လန်းသေ (Abate) ဆေးခပ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်

အောင်မျိုးဝင်း(ပြန်/ဆက်)