တောင်ဥက္ကလာပ မေ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့ညနေပိုင်းက မိုးရွာသွန်းလေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၁၁)ရပ်ကွက်၊ (၁၀)လမ်းပေါ်သို့ အမိုးဆန်းရှိတ်ပြုတ်ကျခြင်းများဖြစ်ပေါ်သဖြင့် လမ်းပိတ်ဆို့မှုမရှိစေရေး တာဝန်ရှိသူများ အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် အမှတ်(၁၁)ရပ်ကွက်(၁၀)လမ်းမပေါ်သို့ အမိုးဆန်းရှိတ်ပြုတ်ကျပြီး လမ်းပိတ်ဆို့မှု မရှိစေရေးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များမှ အချိန်နှင့်တစ်ပြေးညီ သွားရောက်ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါအမိုးဆန်းရှိတ်ပြုတ်ကျမှုကြောင့် ဘေးပတ်ဝန်းကျင်လူနေအိမ် ပျက်စီးဆုံးရှုံးမှု မရှိကြောင်းနှင့် လူနှင့်တရိစ္ဆာန်ထိခိုက်မှုမရှိကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)