လမ်းမတော်မြို့နယ် UMFCCI ကုန်သည်စက်မှုအသင်းချုပ်မှ ဦးဆောင်၍ ရခိုင်ပြည်နယ် အပါအဝင် မိုခါမုန်တိုင်းဒဏ်သင့်​ဒေသများသို့ ဆန်၊ ဆီ၊ ငါးသေတ္တာစည်သွပ်ဗူးများလှူဒါန်း

လမ်းမတော် မေ ၂၁

လမ်းမတော်မြို့နယ် UMFCCI ကုန်သည်စက်မှုအသင်းချုပ်မှ ဦးဆောင်၍ ရခိုင်ပြည်နယ် အပါအဝင် မိုခါမုန်တိုင်း ဒဏ်သင့်ဒေသများသို့ ဆန်၊ ဆီ၊ ငါးသေတ္တာစည်သွပ်ဗူးများ၊ ခေါက်ဆွဲခြောက်များ၊ ဆေးဝါးများ၊ သောက်ရေသန့်များ၊ လူသုံးကုန်ပစ္စည်းများ၊ အလှူငွေများကို အသင်းချုပ်ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ ညီနောင်အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များမှ စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းခဲ့ကြသည်။

ကုန်သည်စက်မှုအသင်းချုပ်သည်ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ မိုခါမုန်တိုင်းဒဏ်သင့်ခဲ့ သော အဆောက်အဦးများ၊ ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းများအတွက် အမိုးအကာများ လုံလောက်စွာ ထောက်ပံ့ပေးပို့နိုင်ရေး၊ ဘေးသင့်ပြည်သူများအတွက်  အစားအသောက်များ၊ ဆေးဝါးများလှူဒါန်းပေးနိုင်ရေးကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်၍အလျင်မြန်ဆုံး ထိရောက်စွာ လှူဒါန်းပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်