နတ်မောက် မေ ၂၁
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့ နယ်၌မိုးရာသီအကြိုစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်းဝန်း အတွင်း စိုက်ပျိုးခဲ့ကြသည်။
အဆိုပါမိုးရာသီအကြို သစ်ပင်စိုက်ပျိုး ပွဲသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ ဒေသခံပြည်သူများနှင့်ကျောင်းသား/သူ များ၊ဆရာ/မများ တက်ရောက်ခဲ့ကြပြီးမယ်ဇလီပင်၊ယင်း မာပင်၊ပိတောက်ပင်၊ယူကလစ်ပင်နှင့် သစ်မျိုးစုံ (၆၀၀)ပင်အားစုပေါင်းစိုက် ပျိုးခဲ့ကြသည်။ သစ်တောသစ်ပင်တွေ လျော့နည်းလာခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာစေပြီးရေ ကြီးခြင်း၊ မြေပြိုခြင်းနှင့် ရာသီဥတု ပြောင်းလဲခြင်း စသည့် သဘာဝဘေး အန္တရာယ်တွေ ကျရောက် လာမှုအပေါ် သစ်တောသစ်ပင်များစိုက်ပျိုးပြုစု ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက် ကြရာတွင်ပြည်သူများ၏အခန်းကဏ္ဍမှာအရေးကြီးကြောင်းနှင့်သစ်တောသစ် ပင်များ၏ တန်ဘိုးကိုသိရှိ လာသည်နှင့်အမျှ ပြည်သူများပူးပေါင်းပါဝင်ဆောင် ရွက်လာစေရန် ရည်ရွယ်ချက်များဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်များကျင်းပရခြင်းဖြင့်ကြောင်းမြို့နယ်သစ်တောဦးစီးမှူးကရှင်း လင်းပြောကြားခဲ့ကြောင်း သိရသည်။
လှဝင်း