ညောင်ဦးမြို့နယ်၌ ခရမ်းချဉ်သီးဈေးနှုန်း တစ်ပိဿ ၁၂၀၀ကျပ်ထိဈေးတက်လာ ခရမ်းချဉ်စိုက်တောင်သူများတွက်ခြေကိုက်

ညောင်ဦး မေ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ခရမ်းချဉ်သီးတစ်ပိသာ ၁၂၀၀ ကျပ် ရောင်းချရခြင်းကြောင့် ခရမ်းချဉ်စိုက်ပျိုးတောင်သူများ ခရမ်းချဉ်သီးလှိုင်လှိုင်ပေါ်ချိန် မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း လက်ပံခြေပေါ်အုပ်စု၊ သရက်ကုန်းကျေးရွာ ခရမ်းချဉ်စိုက်တောင်သူ ဦးမျိုးဝင်းထံက သိရသည်။

ညောင်ဦးမြို့နယ်တွင် ခရမ်းချဉ်စိုက်ပျိုးသောကျေးရွာများဖြစ်သည့် လက်ပဲခြေပေါ် အုပ်စုကျေးရွာများ၊ သစ်ထောင်ကျွန်းအုပ်စုကျေးရွာများ၊ ကတောအုပ်စုကျေးရွာများနှင့် အ ထက်ညဉ့်၊ အောက်ကျေးရွာများသည် မြေအောက်ရေအသုံးပြု ခရမ်းချဉ်စိုက်ပျိုးသည့် ကျေးရွာများဖြစ်ကြကာ ခရမ်းချဉ်သီးလှိုင်လှိုင်ပေါ်ချိန် တစ်ပိသာဈေးနှုန်း ၁၂၀၀ ကျပ်ရရှိ ရောင်းချနေရခြင်းကြောင့် မိသားစုဝင်ငွေတွက်ခြေကိုက်နေကြကြောင်းသိရသည်။

ခရမ်းချဉ်စိုက်ပျိုးရာတွင် စပ်မျိုးခရမ်းချဉ်များဖြစ်သည့် တိုင်ထောင်ခရမ်းချဉ်၊ ငုတ် တုတ်ခရမ်းချဉ်နှင့် နွယ်ခရမ်းချဉ်မျိုးများအား ရွေးချယ်စိုက်ပျိုးကြကြောင်း၊ စတင်ပျိုးထောင်ချိန် ခရမ်းချဉ်စေ့တစ်စေ့ ပျိုးအိတ်တစ်အိတ်နှုန်းဖြင့်ထည့်ကာ ပျိုးထောင်ကြပြီး ရက်ပေါင်း (၂၀) ခန့်ရှိလျှင် ခရမ်းချဉ်စိုက်မည့်စိုက်ခင်းသို့ ရွေ့ပြောင်းစိုက်ပျိုးကြောင်းသိရသည်။ ခရမ်းချဉ်စိုက်ပျိုးပြီး တစ်လခန့်ကြာလျှင် ခွ(ဂွ)ပွင့်လိုက်လာပြီး စတင်အပွင့်ပွင့်အ သီးသီးကြောင်း၊ နောက်ထပ်အပွင့်များဖြိုင်ဖြိုင် လှိုင်လှိုင်ပွင့်လာပြီး ခရမ်းချဉ်သီးများရင့် မှည့်ကာစတင်ခူးဆွတ် ရောင်းချကြကြောင်းသိရသည်။ခရမ်းချဉ်သီးခူးဆွတ်ရောင်းချရာတွင် နှစ်ရက်တစ်ခါခူးဆွတ်ရကြောင်း ထွက်ရှိလာသည့် ခရမ်းချဉ်သီးများအား ညောင်ဦးမြို့၊ ဈေးကွက်သို့လည်းကောင်း၊ ပခုက္ကူဈေးကွက်သို့လည်းကောင်း၊ မြင်းခြံဈေးကွက်သို့ သွားရောက်ရောင်းချရပြီး၊ ယခုအခါ ခရမ်းချဉ်သီးတစ်ပိသာ ၁၂၀၀ ကျပ်ရောင်းချရခြင်း ကြောင့် မြေအောက်ရေအသုံးပြု ခရမ်းချဉ်စိုက်တောင်သူများ မိသားစုဝင်ငွေတွက်ခြေ ကိုက်နေကြကြောင်း ကတောကျေးရွာ ခရမ်းချဉ်စိုက်တောင်သူ ဦးမင်းညိုကပြောကြား၍ သိရသည်။

ဒီပါလင်း