ကြည့်မြင်တိုင်မြို့နယ်၊ အထက်ကြည့်မြင်တိုင်လမ်းမ​ပေါ်၌ သစ်ပင်သစ်ကိုင်းများ ကျိုးကျေနမှုအား ရှင်းလင်းဆောင်ရွက်

 ကြည့်မြင်တိုင်  မေ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းမြောက်အရှေ့ရပ်ကွပ်၊ အထက် ကြည့်မြင်တိုင် လမ်းမပေါ်တွင် လုံးပတ်၂ ပေ အမြင့် ၃၀ ​ပေရှိ ဗန်ဒါပင်နှင့် လုံးပတ် ၄ ပေ အမြင့် ၃၀ ပေရှိ ကုက္ကိုလ်ပင်လဲကျနေကြောင်း သိရှိရ၍ ယမန်နေ့၊ ည​နေ ၆ နာရီအချိန်က ရှင်းလင်း​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

အဆိုပါ​နေရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုလတ် ဦး​ဆောင်​သော မီးသတ်တပ်ဖွဲ့ဝင်၊ မြို့နယ် ပန်းဥယျာဥ်ဌာနမှ ဝန်ထမ်းများက သွား​ရောက်ရှင်းလင်းခြင်းများ ​ဆောင်ရွက်ခဲ့ပြီး သစ်ပင်လဲကျမှု​ကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိ​ကြောင်း သိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်