ဒေးဒရဲမြို့၌ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေး ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ စုပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် အပတ်စဥ် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၇)နာရီက အမှတ်(၂) အခြေခံ ပညာ အထက်ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်ရှိ အမှိုက်၊ ချုံနွယ်နှင့် မြက်ပင်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်း များ ဖော်ထုတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။