သတင်းများ

အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ အရာရှိကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အခြေခံပညာအထက်တန်းကျောင်း၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး
May 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၌ သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခြင်းအား ယနေ့နံနက်(၇:၃၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး သင်တန်းကျောင်းကို ကျောင်းဖွင့်ရာသီတွင် တွဲဖက်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေး
May 20,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသင်တန်း ကျောင်းကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းဖွင့်ရာသီတွင် တွဲဖက်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက အဆိုပါ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းစာကြည့်တိုက်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၌ ပြည်ထဲရေးဝန်ကြီးဌာနမိသားစုများက ဆန်ကြာဆံများဆက်ကပ်လှူဒါန်း
May 20,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆရာတော်၊ သံဃာတော်နှင့် သီလရှင်များအတွက် ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က ဘုန်းတော်ကြီးကျောင်းများထံ ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း ကြသည်။
ကလောမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 20,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းများ မကြာမီဖွင့်လှစ်မည်ဖြစ်၍ ကျောင်းသန့်ရှင်းသာယာ လှပစေရေးအတွက် ယနေ့ နံနက် ၇ နာရီက ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့၊ ကလောတပ်နယ်အရာရှိစစ်သည်နှင့် မိသားစုဝင်များ၊ လူမှူ‎ရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ် သန့်ရှင်းသာယာလှပစေရေး မြို့နယ်ဌာနဆိုင်ရာအဖွဲ့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 20,2023
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်တွင်းရှိ ဌာနဆိုင်ရာအဖွဲ့များ စုပေါင်း၍ ယနေ့နံနက်ပိုင်းက ဈေးရပ်ကွက် ဓမ္မစေတီလမ်း အ.ထ.က (အုတ်တွင်း)ကျောင်းရှေ့မျက်နှာစာနှင့် ကျောင်းတွင်းသန့်ရှင်းရေးဆောင်ရွက်ကြသည်။
ဖား​ဆောင်းမြို့ ​မြောက်ပိုင်းရပ်ကွက်ရှိ အ​ခြေခံပညာ​​​ကျောင်းတွင် စု​ပေါင်းသန့်ရှင်း​ရေးပြုလုပ်
May 20,2023
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့၌ ​မေလ ၂၃ ရက်​နေ့မှ ၃၁ ရက်​နေ့ထိ ပြုလုပ်မည့်​ ကျောင်းအပ်နှံ​ရေးသီတင်းပတ်နှင့် ဇွန်လအတွင်းအ​​ခြေခံ​ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ​ကျောင်းသား၊​ ကျောင်းသူများ စိတ်ချမ်း​မြေ့စွာ ပညာသင်ကြားနိုင်​ရေးအတွက်​ ကျောင်းများဥပတိရုပ်​ ကောင်းမွန်လှပ​စေရန်ဌာနဆိုင်ရာများ ပူး​ပေါင်းအဖွဲ့များဖြင့် ​မြောက်ပိုင်းရပ်ကွက်ရှိ အ​ခြေခံပညာအထက်တန်း​ကျောင်းတွင် ယ​​နေ့နံနက် ၇ နာရီခွဲအချိန်က စု​ပေါင်းသန့်ရှင်း​ရေး​ ဆောင်ရွက်ခဲ့ကြသည်။
တနင်္သာရီမြို့နယ် (Community Cemtre) တွင် မိုဘိုင်းဖုန်းဖြင့် ဗွီဒီယိုရိုက်ကူး၊ တည်းဖြတ်နည်း သင်တန်းဖွင့်လှစ်
May 20,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများအားလုံးက မိုဘိုင်းဖုန်းဖြင့် သတင်းဗွီယို များကိုရိုက်ကူး၍ တည်းဖြတ်နည်းများကို လက်တွေ့အသုံးပြုတတ်စေရေန်ရည်ရွယ်လျက် ဗွီဒီယိုရိုက်ကူး၊ တည်းဖြတ်နည်း သင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Cemtre) အတွင်း ရုံးဝန်ထမ်း(၄)ဦးအား ဦးစီးအရာရှိ ဦးထိန်ဝင်းက လက်တွေ့သင်ကြား ပေးခဲ့သည်။
အမာမြို့၌ ကျောင်းအပ်နှံရေးကာလ အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း သန့်ရှင်း‌စေရေး ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်
May 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာ‌အထက်တန်း‌ ကျောင်းဝင်းအတွင်း အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်း ဦးဆောင်သော ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၈) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။