ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ပုဂံတွင်တစ်ခုတည်းသော ဟိန္ဒူဘုရားကျောင်းနှင့် ဗိဿနိုးနတ်မင်း၏ ဖြစ်တော်စဉ် (၁၀)ဘဝသရုပ်ဖော်ပုံများကို လေ့လာနိုင်

ညောင်ဦး  မေ  ၂၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးရင်း လေ့လာရေး လာရောက်သည့်အခါ သဗ္ဗညုဘုရားကြီး အနောက်ဘက်အခြေရှိ နတ်လှောင်းကျောင်းကို လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြ တိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)တာဝန်ရှိသူများထံက သိရသည်။

နတ်လှောင်းကျောင်းသည် ပုဂံတွင်တစ်ခုတည်းသော ဟိန္ဒူဘုရားကျောင်းဖြစ်ပြီး (၁၁)ရာစုခန့်တွင် တည်ဆောက်ခဲ့ကြောင်း အဆောက်အဦ၏ အစိတ်အပိုင်းအချို့မှာ ပျက်စီးနေပြီး အလယ်ဗဟိုမဏ္ဍိုင်နှင့် စင်္ကြန်ပတ်လမ်းတိုက်မပိုင်းတို့ ကျန်ရှိနေပါတယ်။ ဘုရားကျောင်းမှာ ဗိဿနိုးနတ်မင်းကိုရည်စူးပြီး တည်ဆောက်ထားကြောင်း၊ အဆောက်အဦ၏ အပြင်ဘက်နံရံပတ်လည်တွင် ဗိဿနိုးနတ်မင်း၏ ဖြစ်တော်စဉ်(၁၀)ဘဝကို သရုပ်ဖော်ထားကာ ဂေါတမဘုရားသခင်သည် ကိုးခုမြောက်ဟိန္ဒူဘုရား၏ ဘဝဖြစ်စဉ်တွင် အပါအဝင်အဖြစ်ဖော်ပြထားသည်ကို လေ့လာနိုင်မှာဖြစ်ပါတယ်။ ဘုရားကျောင်း၏ အလယ်မဏ္ဍိုင်လေးမျက်နှာ တဘက်တစ်ချက်ရှိ မုဒ်ကပ်များတွင် တိုင်ကပ်အင်္ဂတေပန်းများဖြင့် တန်ဆာဆင်ထားပြီး ဟိန္ဒူမတ်ရပ်နတ်ရုပ်များနှင့် ဘုရားများကိုတွေ့ရှိရမှာဖြစ်ပြီး ဗိဿနိုးနတ်မင်း၏ ကိုယ်စားနတ်ရုပ်များကို အုတ်များဖြင့် စနစ်တကျထုလုပ်ထား တာလေ့လာနိုင်ကြောင်း သိရသည်။

နတ်လှောင်းကျောင်း၏ အရှေ့ဘက်တွင် သဗ္ဗညုဘုရား၊ မြောက်ဘက်တွင် ရွှေဂူကြီးဘုရား၊ သံတော်ကြားဘုရားတဘက်ကျဘုရား၊ အာနန္ဒာဘုရား၊ ပိဋကတ်တိုက်၊ အနောက်ဘက်တွင် ငကျွဲဋာဋောင်းဘုရား၊ ပုထိုးသားများဘုရား၊ တောင်ဘက်တွင် ပုဂံနန်းမြို့ရိုးနှင့် ရှေးဟောင်းဘုရားများကို ဖူးမြှော်လေ့လာနိုင်ကြောင်း ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေထဲတွင် ဘုရား၊ စေတီ၊ ပုထိုး ၃၈၂၂ ဆူကိုလည်း၊ မတူညီသောတည်ထားမှု ပုံစံအမျိုးမျိုးတို့ဖြင့် ဘုရားများကို လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဒီပါလင်း