မဟာအောင်မြေ မေ ၂၁
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုး၊ ဘွားများအား အိမ်ထောင်စုစာရင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၁၇၀)စုအနက် (၅၀)စုအား (၉)ကြိမ်မြောက် လစဉ်အလှည့်ကျ ပစ္စည်း(၅)မျိုး၊ ဗလာမပါကံစမ်းမဲနှင့်ငွေသားများကို မေလ(၂၁)ရက်နေ့ နံနက်ပိုင်းက အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
အဆိုပါ ပေးအပ်လှူဒါန်းပွဲအား မဟာအောင်မြေမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် သက်ကြီးဘိုးဘွားများအား စားဝတ်နေရေးအဆင်ပြေနိုင်စေရန် ရည်ရွယ်၍ အိမ်ထောင်စု(၅၀)စုဖြစ်သည့် အသက်(၈၀) နှစ်အထက် အဘိုး (၂)ဦး၊အဘွား(၅)နှင့် အသက်(၈၀) နှစ်အောက်အဘိုး(၂၃)ဦး၊ အဘွား(၂၀)ဦးအား ငွေကျပ်(၁၀၀၀၀)၊ ဆန်(၂)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကြက်ဥ (၁၀)လုံးနှင့် ပလပ်စတစ်လက်ဆွဲ ခြင်းတောင်း၊ ကော်ဖီမစ်၊ ဆပ်ပြာမှုန့်များအား လစဉ် အလှည့်ကျပေးအပ် လှူဒါန်းရာ မြို့မိမြို့ဖအလှူရှင်များဖြစ်သည့် ဦးယဉ်မောင်ဟိန်းနှင့်ဇနီး၊ ရဲမွန်တောင်အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်ဦးနှင့်ဇနီး၊ မဟာမြိုင်(၂) အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအောင်နှင့်ဇနီး၊ မဟာမြိုင်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေမင်းဦးနှင့် ဒေါ်ယုယုဇော်တို့မှ ထောက်ပံ့ပေးအပ်လှူဒါန်းကြရာ တက်ရောက်လာသော အဘိုး၊ အဘွားများမှ လက်ခံရယူခဲ့ပြီး အကြောင်း အမျိုးမျိုးကြောင့် မတက်ရောက်နိုင်သော အဘိုး၊ အဘွားများအား အိမ်အရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးတင်မြင့်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ အဘိုး၊ အဘွားများ တက်ရောက်ကြောင်း သိရသည်။
အောင်ဇော်မင်း