မူဆယ်မြို့တွင် ၂၀၂၃ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲ ကျင်းပ
May 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ လွယ်တိန်ခမ်းတောင်ပေါ်ရှိ ရပ်တော်မူဘုရား၏အရှေ့ တောင်ဘက်မြေကွက်လပ်တွင် မူဆယ်ခရိုင်၊ သစ်တောဦးစီးဌာန ကြီးမှူးစီစဉ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်စိုပြေရေးနှင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ နိုင်ငံတစ်ဝှမ်း သစ်ပင်တောတောင် စိမ်းလန်းစိုပြေရေးနှင့် သစ်ပင်သစ်တောများ ပေါများလာပြီး ရာသီဉတုကောင်းမွန်မျှတရေးတို့ကို ရည်ရွယ်၍ မိုးရာသီမစတင်မှီ မိုးရာသီသစ်ပင်စိုက်ပွဲကို ဌာနဆိုင်ရာများ စုပေါင်းလျက် ယနေ့ နံနက်(၈း၃၀)အချိန်က ကျင်းပဆောင်ရွက်ခဲ့ကြပါသည်။