သတင်းများ

ညောင်ဦးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် သဲနှုန်းများတင်နေသည့် နေရာ များအား စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများမှရှင်းလင်းဖယ်ရှား 
May 21,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်း၊ မြောင်း၊ လမ်းများတွင်မိုးရေများစီးဆင်းခဲ့မှုကြောင့် သဲနှုန်းများတင်နေသည့် နေရာများအား ညောင်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မေ ၁၇ ရက်နေ့မှစတင်ရှင်း လင်းလျက်ရှိရာရှင်းလင်းမှု ရာခိုင်နှုန်း ၉၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ညောင်ဦးမြို့ နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးရဲနိုင်ထံက သိရသည်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ ဗိုလ်ချုပ်အောင်မျိုးထွန်း၊ ဗျူဟာမှူး၊ မစဖအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများဖြင့် ထောက်ပံပစ္စည်းများ ပေးအပ်ရေးနှင့်ပြန်လည်ထူထောင်ရေး ဆောင်ရွက်မည့် လုပ်ငန်းများအားညှိနှိုင်းဆောင်ရွက်
May 21,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် အနီးကပ်အကြံပေး ဗိုလ်ချုပ်အောင်မျိုးထွန်း၊ ဗျူဟာမှူး၊ မစဖအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများဖြင့် ထောက်ပံ့ပစ္စည်းများပေးအပ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်မည့် လုပ်ငန်းများအား ညှိနှိုင်းဆောင်ရွက်သည့် အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ Command post ရုံးခန်းတွင် ၁၈.၅.၂၃ ရက်နေ့မှစ၍ နေ့စဥ်ညနေ ၄ နာရီ ၃၀ တွင်ပုံမှန်ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ည‌နေကလည်း ညှိနှိုင်းစည်းဝေးဆောင်ရွက်ကြသည်။
ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းကျင်းပ
May 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာရေးဆရာ လင်းယုန်သစ်လွင်ရေးသားသော "ဓမ္မဝိလာသ" စာအုပ်ဖြင့် ယမန်နေ့  မွန်းလွဲ ၃နာရီ အချိန်က စာဖတ်ဝိုင်း‌ ပြုလုပ်ကျင်းပခဲ့သည်။
လှိုင်းဘွဲမြို့နယ် မဲဆမိတ်ကျေးရွာတွင် ကရင်စာပေနှင့်ယဥ်ကျေးမှုသင်တန်းဆင်းပွဲ အခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်
May 21,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မဲဆမိတ်‌ကျေးရွာတွင် ကရင်တိုင်းရင်းသားမျိုးနွယ်စုများအသင်းမှ ဦးစီးကျင်းပသော နွေရာသီကရင်စာပေနှင့်ယဥ်ကျေးမှုသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီအချိန်က ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ဌာနဆိုင်ရာများက တက်ရောက်ခဲ့ကြောင်း သိရသည်။
တနိုင်းမြို့နယ်၌ ယာဉ်စည်းကမ်း-လမ်းစည်းကမ်း နှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဟောပြောပွဲ ဆောင်ရွက်
May 21,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် တနိုင်းမြို့နယ်ရဲတပ်ဖွဲ့ဝင်များက ယာဉ်စည်းကမ်း-လမ်းစည်းကမ်းနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဟောပြောပွဲခြင်းကို ဒေသကွပ်ကဲမှုခန်းမတွင် မေလ ၂၀ ရက်နေ့ နံနက်(၁၀)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
May 21,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထား သူများပိုမိုတိုးပွား လာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင် ဗဟုသုတများကို    အသုံးချ တတ်စေရန် ရည်ရွယ်၍ ယနေ့ နံနက် (၉)နာရီက ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာဖတ်ဝိုင်းကျင်းပ
May 21,2023
ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club) အသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ ဟိန်းဇေရေးသားသော “ပုဂံမတိုင်မီမြန်မာအစနှင့် သမိုင်းထင်ရှားမင်းမြတ်ကိုးပါး” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက်(၉)နာရီက ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်၌ ခရမ်းချဉ်သီးဈေးနှုန်း တစ်ပိဿ ၁၂၀၀ကျပ်ထိဈေးတက်လာ ခရမ်းချဉ်စိုက်တောင်သူများတွက်ခြေကိုက်
May 21,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ခရမ်းချဉ်သီးတစ်ပိသာ ၁၂၀၀ ကျပ် ရောင်းချရခြင်းကြောင့် ခရမ်းချဉ်စိုက်ပျိုးတောင်သူများ ခရမ်းချဉ်သီးလှိုင်လှိုင်ပေါ်ချိန် မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း လက်ပံခြေပေါ်အုပ်စု၊ သရက်ကုန်းကျေးရွာ ခရမ်းချဉ်စိုက်တောင်သူ ဦးမျိုးဝင်းထံက သိရသည်။