ဘိုကလေးမြို့နယ်တွင်းမှ သောက်သုံးရေ ရှားပါးဒေသများသို့ ရေလှူဒါန်းဆောင်ရွက်
May 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စုတွင် ပူပြင်းလှသော ရာသီဥတုကြောင့် သောက်သုံး ရေရှားပါးပြတ်လတ်မှုကြုံတွေ့နေရ သဖြင့် မြိုနယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းအောင်နှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင် များ ပူးပေါင်း၍ ယမန်နေ့ နေ့လယ် (၂)နာရီခွဲအချိန်၌ သာပေါင်းကျေးရွာအုပ်စုသို့ ရေသယ်ယာဉ် (၂)စီးဖြင့် အရောက်သွားကာ သောက်သုံးရေ လိုအပ်နေသော ပြည်သူများအား ရေဂါလံ (၂၄၀၀) လှူဒါန်း ဆောင်ရွက်ပေးခဲ့သည်။