သတင်းများ

ရှမ်းရွာသစ်မြို့အမှတ်(၂)ရပ်ကွက် ဇီဇဝါလမ်း ကျောက်စီရေမြောင်းခင်းခြင်းလုပ်ငန်း (၅၀)ရာခိုင်နှုန်း ပြီးစီး
May 22,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့် တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အမှတ်(၂)ရပ်ကွက်၊ ဇီဇဝါလမ်းရှိ ကျောက်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းကို မေလပတထမပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို အခမဲ့ကျန်းမာရေးစောင့်‌ရှောက်မှု ဆောင်ရွက်ပေး
May 22,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှု၊ ပေါက်ခေါင်းမြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာန၏ဦးဆောင်မှုတို့ဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို ကျန်းမာရေးဦးစီးဌာနက လစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းကလည်း ပြည်သူ့ဆေးရုံကြီးသံဃာဆောင်၌ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဗိုလ်မှူးချုပ် ဝင်းမောင်နှင့် တာဝန်ရှိသူများ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားသည့် စာသင်ကျောင်းများအား ကွင်းဆင်း စစ်ဆေး
May 22,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးရှုံးဆုံးခဲ့သည့် စာသင်ကျောင်းများအား ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်မှ ပုဏ္ဏားကျွန်းမြို့နယ်ဒေသကို အနီးကပ်ကြီးကြပ်နိုင်ရန် တာဝန်ပေးခံရသည့် ဗိုလ်မှူးချုပ် ဝင်းမောင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့၊ နံနက်(၈)နာရီက ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ စာသင်ကျောင်းများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
May 22,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသတွင်း စားသုံးဆီ ဖူလုံပိုလျှံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် နွေနှမ်းစိုက်ဧက လေးသောင်းကျော် ကြိုးပမ်းစိုက်ပျိုးထားရှိရာ ယခုအခါ နွေနှမ်းစိုက်ခင်းများမှာ စိုက်ပျိုးရေလုံလောက်စွာရရှိသဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေထံက သိရသည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး ကျန်းမာရေးအထူးကောင်းမွန်စေရန် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော် ဆုတောင်းမေတ္တာပို့သပွဲကျင်းပ
May 22,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ မင်းကုန်းမဟာပရိယတ္တိစာသင်တိုက် ဦးတင်ရွှေ ဗိမာန်တော်တွင် မေ(၂၂)ရက်နံနက်(၈)နာရီက သာသနာတော်အတွက် အလွန်ကျေးဇူးများသော နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး ကျန်းမာရေးအထူးကောင်းမွန်စေရန် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော် ဆုတောင်းမေတ္တာပို့သပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား မကွေးတိုင်းဒေသကြီး အထူးကုဆရာဝန်ကြီးများမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ (အခမဲ့)ဆေးကုသပေး
May 22,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ မကွေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင့်လွင်လိုက်ပါ၍ အထူးကုဆရာဝန်ကြီးများ၊ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့သည် ယမန်နေ့ နံနက် (၉) နာရီ ၃၀ မိနစ်အချိန်က သရက်ချဥ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ ကညှပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံနှင့်ဆင်ဖြူကျွန်းမြို့ အမှတ်(၃) မြို့မအခြေခံပညာမူလတန်းကျောင်းများ၌ ရေဘေးသင့် ပြည်သူများနှင့် ဒေသခံပြည်သူများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ကြသည်။
အုတ်ဖိုမြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေး
May 22,2023
ကျန်းမာတက်ကြွသောလူကြီးဘဝကို ဖြတ်သန်းနိုင်စေရန်ရည်ရွယ်၍ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့၌ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
May 22,2023
ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။