သတင်းများ

ဘိုကလေးမြို့နယ်တွင်းမှ သောက်သုံးရေ ရှားပါးဒေသများသို့ ရေလှူဒါန်းဆောင်ရွက်
May 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စုတွင် ပူပြင်းလှသော ရာသီဥတုကြောင့် သောက်သုံး ရေရှားပါးပြတ်လတ်မှုကြုံတွေ့နေရ သဖြင့် မြိုနယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းအောင်နှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင် များ ပူးပေါင်း၍ ယမန်နေ့ နေ့လယ် (၂)နာရီခွဲအချိန်၌ သာပေါင်းကျေးရွာအုပ်စုသို့ ရေသယ်ယာဉ် (၂)စီးဖြင့် အရောက်သွားကာ သောက်သုံးရေ လိုအပ်နေသော ပြည်သူများအား ရေဂါလံ (၂၄၀၀) လှူဒါန်း ဆောင်ရွက်ပေးခဲ့သည်။
သီပေါမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး
May 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့နံနက် (၈)နာရီက စတင်၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မအူပင်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများဆောင်ရွက်
May 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် နိုင်ရန်နှင့် ငှက်ဖျားရောဂါကြိုတင်ကာကွယ်နိုင်ရန် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ် (၉)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ-လမ်းသစ်ကျောင်းတို့တွင် ဆောင်ရွက် ခဲ့သည်။
ရောင်းတန်းမဝင်သည့် သရက်သီးအမှည့်များ သရက်ပြားများ ပြုလုပ်ရောင်းချလျက်ရှိရာ မိသားစုအတွက် အပိုဝင်ငွေရရှိ
May 22,2023
ယခုချိန်သည်  သရက်သီးများ လှိုင်လှိုင်ပေါများလျက်ရှိရာ  ရောင်းသူဝယ်သူများအတွက် များစွာ အဆင်ပြေလျက်ရှိပြီး ရောင်းတန်းမဝင်သည့် သရက်သီးအမှည့်များ၏ အနှစ်များရယူကာ သရက်ပြား ပြုလုပ်ရောင်းချကြသည့််အတွက် မိသားစုအတွက် အပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ တပင်ရွှေထီးရပ်မှ သရက်ပြား ပြုလုပ်ရောင်းချနေသူထံမှ သိရှိရသည်။
မိုင်းယောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ
May 22,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်က ဗလမင်းထင်အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရွှေသောင်ယံကမ်းခြေတွင် ရာသီဥတုသာယာပြီးဇောင်းခရင်းခရုများ ထွက်ရှိ၍ ခရုကောက်သူများရှိနေ
May 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ကမ်းခြေတွင် ယခုရက်များအတွင်း ဇောင်းခရင်းခရုများ ထွက်ပေါ်၍ ကမ်းခြေတစ်လျှောက်ခရုကောက်သူများ ရှိနေသည်။
ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ မုန်တိုင်းအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် စာသင်ကျောင်းများအား သွားရောက် ကြည့်ရှုစစ်ဆေးပြီး ထောက်ပံ့ပစ္စည်းများပေးအပ်
May 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၂) ဦးသန်းဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းအောင်နှင့် တာဝန်ရှိသူ များသည် ယမန်နေ့ ညနေပိုင်းက မိုခါမုန်တိုင်းအန္တရာယ်ကြောင့် အမိုးလန် ပျက်စီးခဲ့သည့် အထကအုန်းချောင်းနှင့် အထက. (ခွဲ)သက္ကာယ်သောင်၊ ကျောင်းအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်နှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မြောင်းမြမြို့ မြစိမ်းရောင် ဆရာတော်ဘုရားကြီး သက်တော် နှစ် ၁၀၀ ပြည့် ဝိဇာတမွေးနေ့ပူဇော်ပွဲ အခမ်းအနားတက်ရောက် ပူဇော်လှူဒါန်း
May 22,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်တို့သည် ယနေ့နံနက် ၉:၀၀ နာရီအချိန်က မြစိမ်းရောင်တောင်၊ သုဒဿန ဓမ္မာရုံတွင် ကျင်းပသည့် မြစိမ်းရောင် ဆရာတော်ဘုရားကြီး၏  သက်တော် နှစ် ၁၀၀ ပြည့် ဝိဇာတမွေးနေ့ ပူဇော်ပွဲ မင်္ဂလာအခမ်းအနားသို့ တက်ရောက် ပူဇော်လှူဒါန်းခဲ့သည်။