မူဆယ်မြို့တွင် ၂၀၂၃ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲ ကျင်းပ

မူဆယ် မေ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ လွယ်တိန်ခမ်းတောင်ပေါ်ရှိ ရပ်တော်မူဘုရား၏အရှေ့ တောင်ဘက်မြေကွက်လပ်တွင် မူဆယ်ခရိုင်၊ သစ်တောဦးစီးဌာန ကြီးမှူးစီစဉ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်စိုပြေရေးနှင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ နိုင်ငံတစ်ဝှမ်း သစ်ပင်တောတောင် စိမ်းလန်းစိုပြေရေးနှင့် သစ်ပင်သစ်တောများ ပေါများလာပြီး ရာသီဉတုကောင်းမွန်မျှတရေးတို့ကို ရည်ရွယ်၍ မိုးရာသီမစတင်မှီ မိုးရာသီသစ်ပင်စိုက်ပွဲကို  ဌာနဆိုင်ရာများ စုပေါင်းလျက် ယမန်နေ့ နံနက်(၈း၃၀)အချိန်က ကျင်းပဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါ သစ်ပင်စိုက်ပွဲအခမ်းအနားတွင် မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒု-ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့်တကွ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ စစ်ဦးစီးဗိုလ်မှူးကြီး ဇော်မင်းထက်၊ မူဆယ်ခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်သက်၊ မူဆယ်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းတို့က ဦးဆောင်၍ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ဝင်များ၊ တိုင်းရင်းသားယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ စုပေါင်းပြီး ချယ်ရီ (၂၀)ပင်၊ ထင်းရှူး(၂၀)ပင်၊ ရေထင်းရှူး(၂၀)ပင်၊ သစ်လှ (၃၀)ပင် ၊စိန်ပန်းနီ(၃၀)ပင်၊ စိန်ပန်းပြာ(၃၀)ပင်၊ ကံကော်(၂၀)ပင်၊ ခရေ(၂၀)ပင်၊ ရေသင်းဝင်(၃၀)ပင်၊ တပေါင်းပန်း(၂၀)ပင်၊ မဟော်ဂနီ(၂၀)ပင်၊ ခါတော်မှီ(၂၀)ပင်၊ တပေဘူတ(၂၀) ပင်နှင့် စုစုပေါင်းပျိုးပင်ပေါင်း (၃၀၀)အား မိုးရာသီအကြိုသစ်ပင်စိုက်ပွဲတော်တွင် စိုက်ပျိုးခဲ့ကြပါသည်။

ဆက်လက်ပြီး မိုးရာသီအကြိုသစ်ပင်စိုက်ပွဲတွင် သက်ဆိုင်ရာဌာနဆိုင်ရာများအလိုက် စိုက်ပျိုးထားရှိမှုနှင့် စနစ်တကျ စိုက်ပျိုးထားရှိခြင်း ရှိ/မရှိတို့ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး ဌာနဆိုင်ရာများ စုစုပေါင်း(၂၈၀)ဦး တက်ရောက်စိုက်ပျိုးခဲ့ကြောင်း သိရပါသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)