လားရှိုးမြို့၌ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

လားရှိုး မေ ၂၂

ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လားရှိုးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍  ပြည်နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အေးအေးခိုင်က အထက်တန်းအဆင့်သင်တန်းသားများအားလည်းကောင်း၊ ခရိုင်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အေးအေးမျိုးက အလယ်တန်းအဆင့်သင်တန်းသားများအားလည်းကောင်း၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အေးအေးမွန်က အငယ်တန်းအဆင့် သင်တန်းသားများအားလည်းကောင်း သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် လားရှိုးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွင် သင်ကြားပေးခဲ့သည် ဆရာ/ဆရာမများအား အသီးသီးဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။

 ခရိုင်(ပြန်/ဆက်)