စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ
May 22,2023
ကျေးရွာစာကြည့်တိုက်များရှင်သန် ခိုင်မာရေး၊ ကျေးလက်နေပြည်သူများ စာပေကိုစိတ်ဝင်စားပြီး စာပေကိုချစ်မြတ်နိုးလာစေရန်ရည်ရွယ် ၍ အမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များနှင့် ပူးပေါင်း၍ယနေ့နံနက် ၉ နာရီအချိန်က ပျဉ်းတောကျေးရွာရှိ ပညာအလင်း တံခါးစာကြည့်တိုက်သို့ သွားရောက်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင် ရွက်ခဲ့သည်။