ပေါက်ခေါင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို အခမဲ့ကျန်းမာရေးစောင့်‌ရှောက်မှု ဆောင်ရွက်ပေး

ပေါက်ခေါင်း မေ ၂၂

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှု၊ ပေါက်ခေါင်းမြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာန၏ဦးဆောင်မှုတို့ဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို ကျန်းမာရေးဦးစီးဌာနက လစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းကလည်း ပြည်သူ့ဆေးရုံကြီးသံဃာဆောင်၌ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်မျိုးမြတ် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ လူနာ ECG စက်ဖြင့် နှလုံးခုန်နှုန်းစစ်ဆေးပေးခြင်းနှင့် ရောဂါရှာဖွေခြင်း အထွေထွေရောဂါများ စစ်ဆေးပေးခြင်းတို့ကိုဆောင်ရွက်ပေးပြီး ရောဂါတွေ့ရှိမှုအပေါ်ဆေးဝါးများကို တစ်လစာအခမဲ့ ပေးခဲ့သည်။

အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခြင်း လုပ်ငန်းများ ကို လစဉ်ပင်စင်ထုတ်‌ပေးသည့်ရက်များ၌ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၃၃) ဦးကို ဆေးကုသမှုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)