အမ်းမြို့နယ်၌ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အခြေခံပညာကျောင်းများအတွက် အမိုးသွပ်များ ပေးအပ်

အမ်း မေ   ၂၂

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နေ့လည်အချိန်က အမ်းမြို့နယ်၌ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အခြေခံပညာကျောင်းများအတွက် လိုအပ်လျက်ရှိသော သွပ်၊ သွပ်သံနှင့်သစ်များ အားကွင်း ဆင်းဆောင်ရွက်ပေးအပ်ခဲ့ကြောင်း သိရသည်။

အမ်းမြို့နယ်တွင် ဆိုင်ကလုန်းမုန်းတိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အခြေခံပညာကျောင်း(၁၀)ကျောင်းရှိသည့်အနက် အမ်းမြောက်အုပ်စု မီးလောင်ချောင်း အလက (ခွဲ)KG ဆောင်နှင့်လုံးကောက်ကျေးရွာအုပ်စု ညောင်ချောင်း (၃)မူလွန်ကျောင်းများ အတွက် လိုအပ်လျက်ရှိသော အမိုးသွပ်(၇၅)ချပ်၊ သွပ်သံ (၄)ပိဿာနှင့် ညောင်ချောင်း (၃)မူလွန်ကျောင်းအတွက်  ၄ လက်မ ၂ လက်မသစ် တန်ဝက်နှင့်သံ (၃)ပိဿာအားသက် ဆိုင်ရာ တာဝန်ရှိသူများထံ  ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး ယနေ့နံနက်တွင် အမ်းရိုးမပေါ်ရှိ အခြေခံပညာ အ.လ.က(ခွဲ)ကံမြင့်ကံကျောင်းနှင့် အမက(ခွဲ) ကြက်ရေစမ်းကျောင်းတို့၌ ကျောင်းဖွင့်အမှီ ပြုပြင်ရန် လိုအပ်ချက် များအား ကွင်းစစ်ဆေးဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)