ကျောက်တန်း မေလ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် မွေးမြူရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက်(၁၀)နာရီက ကျောက်တန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ကျောက်တန်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီအရာရှိဦးသန့်ဇင်ထွန်းက ကျောက်တန်းမြို့နယ်သည် ကျေးရွာများအများစုနဲ့ဖွဲ့စည်းထားသော မြို့နယ်တစ်ခုဖြစ်၍ စိုက်ပျိုးရေအပြင်မွေးမြူရေးပါ ပူးတွဲလုပ်ကိုင်နေကြတဲ့ကျေးရွာများဖြစ်ပြီး မွေးမြူရေးနဲ့ပက်သက်ပြီးအသိပညာများသိရှိနိုင်စေရေးအတွက် အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို မွေးမြူရေးလုပ်ကိုင်သူဦးလှမျိုးခိုင်နှင့်အတူ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာဗဟုသုတရရှိအောင် လူငယ်များအတွက် အသိပညာပေးလုပ်ငန်းများကို အစဥ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)