ကဝမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး

ကဝ မေ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပင်စင်ထုတ်ပေးရာတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေများ လာရောက်ထုတ်ယူသူများအား စနစ်တကျရှိစေရန် (၃) ပေအကွာ နေရာများထားပေးခြင်း၊ လက်ဆေးဘေစင်များ ထားရှိပေးခြင်းကို မြန်မာ့စီးပွားရေးဘဏ်မှ စီမံဆောင်ရွက်ပေးထားခြင်း၊ ပင်စင်ထုတ်ရာတွင် မေလ (၂၂) ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ ပိတ်ရက်များမှလွဲ၍ နေ့စဉ်နံနက်(၇)နာရီမှ မွန်းလွဲ (၂)နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့တွင် ကဝမြို့နယ်အတွင်းရှိ ပင်စင်စား (၃၄၅) ဦးအတွက် ပင်စင်လစာ (၄၄၂၃၈၅၃၄.၄၆) ကျပ်အား ထုတ်ပေးပြီး၊ ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့်လည်း မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စား ထုတ်ယူနိုင်ကြောင်း မြို့နယ် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)