ရသေ့တောင်မြို့၌ ရှာဖွယ်ကယ်ဆယ်ရေးအဖွဲ့များ ရှင်းလင်းဆောင်ရွက်မှုများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်များအား စနစ်တကျသိမ်းဆည်းဆောင်ရွက်လျှက်ရှိ
May 22,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ မိုခါမုန်တိုင်းမှာအားအလွန်ပြင်းသဖြင့် ထိခိုက်ပျက်စီးမှုများခဲ့ပြီး၊ မုန်တိုင်းကြောင့်မြို့ပေါ်တွင်လည်း အပျက်အစီးများခဲ့ရာ ပဲခူးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ ရှာဖွယ်ကယ်ဆယ်ရေးအဖွဲ့များမှ လမ်းအလိုက် သစ်ပင်သစ်ခတ်များ ခုတ်လှဲဖယ်ရှားခြင်းများဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ကြရာ ကျန်ရှိခဲ့သည့်အမှိုက်သရိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်မအေးသန်းဦးဆောင်၍ စည်ပင်ဝန်ထမ်းများမှအမှိုက်များအား စနစ်တကျကားကြီးများဖြင့် ဖယ်ရှားဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းက တောင်ရင်းတန်းရပ်ကွက်ရှိ ဦးဥတ္တမလမ်းတွင် သိမ်းဆည်းဆောင်ရွက်ခဲ့ကြသည်။