တောင်သာ မေလ ၂၂
တောင်သာမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားများ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်စည်းကမ်ချက်များနှင့်အညီ ပင်စင်လစာ ငွေများအား ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပင်စင်လစာငွေများထုတ်ပေးရာတွင် တောင်သာမြို့နယ်ရှိ မြို့ပြပင်စင် (၁၃၁၄) ဦး၊ ကာကွယ်ရေးပင်စင် (၆၀၄) ဦး၊ နိုင်ငံရေးပင်စင် (၂၁၅)ဦး စုစုပေါင်း (၂၁၃၃)ဦးရှိပြီး ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအား မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်းနှင့် အဆိုပါပင်စင်လစာများကို မေလ (၂၂) ရက်နေ့မှစ၍ တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအား နံနက် (၇) နာရီအချိန်မှစ၍ နေ့လည် (၂) နာရီအချိန်ထိ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။