ရမ်းဗြဲမြိုနယ်သို့ ရောက်ရှိလျက်ရှိသည့် ဗိုလ်မှူးချုပ်ဇော်မင်းအေး မုန်တိုင်းလွန်ကာလ၌ ရုံးဌာနများ ပုံမှန်ရုံးလုပ်ငန်း ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းစစ်ဆေး

ရမ်းဗြဲ မေ  ၂၂

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင်ရောက်ရှိနေသည့် ဗိုလ်မှူးချုပ်ဇော်မင်းအေးနှင့် တာဝန်ရှိသူများသည် ရမ်းဗြဲမြို့ပေါ်တွင် ဆိုင်ကလုန်း မုန်တိုင်း (မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ရှိ/မရှိနှင့် မုန်တိုင်းလွန်ကာလ၌ ရုံးဌာနများ ပုံမှန်ရုံးလုပ်ငန်းဆောင်ရွက်နေမှုများအား ယနေ့နံနက် (၉)နာရီအချိန်က  ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဗိုလ်မှူးချုပ်ဇော်မင်းအေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့်အဖွဲ့ဝင်များ၊  တပ်မတော်အရာရှိများနှင့်တာဝန်ရှိသူများသည်  မြို့နယ်ကုသရေးဦးစီးဌာန၊ မြို့မရဲစခန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဦးစီးဌာန၊ မြို့မ အ.ထ.က(၁) ကျောင်း၊ မြို့နယ်ပညာရေးမှူးရုံးများသို့ သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်