သတင်းများ

ဝါးခယ်မမြို့နယ်အတွင်းရှိ အ‌ခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေးနေ့ စတင်ကျောင်းအပ်လက်ခံ
May 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ‌မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယနေ့နံနက် ၉ နာရီအချိန်မှစ၍ ကျောင်းအပ်လက်ခံ‌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အမာမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ် ကလေးများအားလုံး စတင်ကျောင်းအပ်လက်ခံ
May 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ် ကလေးအားလုံး ယနေ့ နံနက် (၉)နာရီအချိန်မှ ညနေ (၂)နာရီအချိန်အထိ အမာမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ စတင်ကျောင်းအပ်လက်ခံလျက်ရှိ ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်ရှိ အ​ခြေခံပညာ​​ကျောင်းများ၌ နံနက်ပိုင်းမှစတင်ပြီး ကျောင်းအပ်လက်ခံ
May 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးရည်ရွယ်၍ "ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးစေဖို့ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ ယ​နေ့နံနက်ပိုင်းမှစတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်ကျောင်းသား/ ကျောင်းသူများကျောင်းအပ်နှံ
May 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို မေ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ သတ်မှတ်ထားရာ ယနေ့နံနက်ပိုင်းတွင် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။
မောက်မယ်မြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေးသီတင်းပတ် ကျောင်းလာအပ်သည့် ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ် စတင်လက်ခံ
May 23,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ၂၀၂၃−၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများအားလုံးက ကျောင်းအပ်နှံရေးသီတင်းပတ်ကို ယနေ့နံနက် ၉ နာရီမှစ၍ ကျောင်းလာအပ်သည့် ကျောင်းသား/ကျောင်းသူများအား စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။
ရသေ့တောင်မြို့၌ (မိုခါ)မုန်တိုင်းကြောင့် ပျက်စီးသွားသော ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများကို မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှရှင်းလင်း
May 23,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့တွင်(မိုခါ)မုန်တိုင်းကြောင့် ပျက်စီးပြိုလဲသွားသော ဓာတ်အားလိုင်းများ၊ ဓာတ်တိုင်များနှင့် ထရန်စဖော်မာများကို မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှဝန်ထမ်း(၆၀)ဦးဖြင့် လမ်းများအလိုက် ရှင်းလင်းဆောင်ရွက်ပြီး လျှပ်စစ်ဓာတ်အားများ ပုံမှန်ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် တက်ညီ လက်ညီ ဆောင်ရွက်လျက်ရှိသည်။
မြစ်သားမြို့နယ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကျန်းမာရေးပုံမှန် စောင့်ရှောက်မှုများ ပေးလျက်ရှိ
May 23,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေး ကြည့်ရှုစစ်ဆေးပေးခြင်းများကို ယမန်နေ့ နံနက် (၉) နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ အဆိုပါ ပုံမှန်ကာကွယ် ဆေးထိုးနှံခြင်းကို မြစ်သားမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ HIVနှင့် ဆစ်ပလစ်ပိုးရှိ/မရှိ စစ်ဆေးပေးခြင်း၊ ဆီးနှင့်သွေးစစ်ဆေးပေးခြင်း၊ ကိုယ်ဝန်ဆောင်မှုအနေအထားနှင့် ကလေးအနေအထား ပုံမှန်ရှိ/မရှိစစ်ဆေးပေးခြင်း၊ ပထမအကြိမ် ကိုယ်ဝန်အပ်နှံခြင်းဖြစ်ပါက မေးခိုင်ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပေးခြင်း၊ ကိုယ်ဝန် (၄) လကျော်ပါက သန်ချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ကိုယ်ဝန်ဆောင်ချိန်တွင် ကျန်းမာရေးနှင့်ပတ်သက်၍ အလေးထားလိုက်နာဆောင်ရွက်ရန်၊ အာဟာရ ပြည့်ဝစွာစားသုံးရန်၊ ရောဂါလက္ခဏာ တစ်ခုခုဖြစ်ပေါ်လာပါက ဆေးရုံ/ဆေးခန်းတွင် အမြန်ဆုံးသွားရောက်ပြရန်နှင့် သတ်မှတ်ထားသည့်ရက်များအတိုင်း လာရောက်ပြသရန်လိုအပ်ကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
တာချီလိတ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်
May 23,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ အခြေခံပညာကျောင်းများ၌ ယနေ့ နံနက်ပိုင်းမှစ၍ ကျောင်းသား/သူများ ကျောင်းအပ်လက်ခံခြင်းများ  စတင်ဆောင်ရွက်ပေးလျက်ရှိသည်။