တပ်ကုန်းမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

တပ်ကုန်း မေ ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်တို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး၊ အမှတ်(၃)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(တပ်ကုန်းတာဝန်ခံ)မှ ရဲအုပ်ဟန်ဇော်က လူကုန်ကူးခြင်း စကား ရပ်အဓိပ္ပာယ်၊ လူကုန်ကူးမှုဆိုင်ရာ ပြစ်မှုအင်္ဂါရပ်၊ လူကုန်ကူးမှုနှင့်လူမှောင် ခိုမှုခြားနားချက်၊ လူကုန်ကူးမှုကျူးလွန်ခံရများ ဘဝရပ်တည်နိုင်ရေးနည်းလမ်းများ၊ လူကုန်ကူးမှု လျော့နည်း ပပျောက်ရေးစီမံဆောင်ရွက်ချက်၊ လူကုန်ကူးခံရသူများကယ်တင်နိုင်ရေးနည်းလမ်း အကြောင်းအရာများ ဟောပြောခဲ့ပြီး၊ “လူသည် ရောင်းကုန်မဟုတ်ပါ” လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးထားခဲ့ရာ တက်ရောက် လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာကြကြောင်း သိရသည်။

တင်စိုးလွင်