ရွှေသောင်ယံမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံနေမှု အ‌ခြေအနေများအား မြို့အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့မှ လိုက်လံကြည့်ရှုစစ်ဆေး

ရွှေသောင်ယံ မေ ၂၃

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေးအတွက် (၂၃-၅-၂၀၂၃)မှ (၃၀-၅-၂၀၂၃) အထိ ကာလကို ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ဆောင်ရွက်ထားရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက် ဦး‌ဆောင်သော မြို့အဆင့်ဌာနဆိုင်ရာများ စုပေါင်းအဖွဲ့မှ ယနေ့ နံနက် (၈)နာရီ(၃၀) အချိန်မှစတင်၍ ရွှေသောင်ယံမြို့ရှိ အ-ထ-က(ရွှေသောင်ယံ)သို့ လည်းကောင်း၊ ထို့နောက် သဲကုန်းကျေးရွာအုပ်စု၊ အုန်းချောင်းကျေးရွာရှိ အ-ထ-က(အုန်းချောင်း)သို့ လည်းကောင်း ထိုမှတစ်ဆင့် ရွှေသောင်ယံမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု များရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများအားလုံးသို့ သွားရောက်ကာ ကျောင်းသားမိဘများနှင့် တွေ့ဆုံခြင်း၊ ကျောင်းအပ်နှံနေမှုများအား ကြည့်ရှုခြင်း၊ နိုင်ငံတော်မှ အခမဲ့ထုတ်ပေးထားသော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများအားပေးဝေခြင်း၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းကော်မတီ များကို လိုအပ်သည်များ မှာကြားခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)