ငပလီမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးနေ့အဖြစ် စတင်ကျောင်းအပ်လက်ခံ

ငပလီ မေ ၂၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ငပလီမြို့တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်အတိုင်း ယနေ့နံနက် ၁၀‌ နာရီအချိန်က ငပလီမြို့အတွင်းရှိ အခြေခံပညာကျောင်းများ အားလုံးတွင် ကျောင်းအပ်စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

 အဆိုပါ ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာ အတန်းလိုက် ဆရာ၊ ဆရာမများက စနစ်တကျ ကျောင်းအပ်လက်ခံပေးကြကြောင်းနှင့် KG တန်းမှ Grade-12 အထိ ကျောင်းသား၊ ကျောင်းသူများကို ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းဝတ်စုံ၊ ပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောပင်များ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

ငပလီ(ပြန်/ဆက်)