ပေါက်တောမြို့နယ်တွင်  အထူးကုဆေးအဖွဲ့များ အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

ပေါက်တော   မေ   ၂၇

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် ဒေသများရှိဒေသခံများအား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ ပေးနိုင်ရန်အတွက် အထူးကုဆေးအဖွဲ့များ လာရောက်ကုသပေးလျက်ရှိရာ ပေါက်တောမြို့နယ်တွင်ရောက်ရှိနေသည့် အထူးကုဆေးအဖွဲ့များသည် ယမန်နေ့က  လက်ပံပြားကျေးရွာနှင့် မနော်သီရိကျေးရွာများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ  ဆောင်ရွက်ပေးခဲ့ကြသည်။

အထူးကုဆရာဝန်များ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သည့် အထူးကုဆေးအဖွဲ့သည် လက်ပံပြားကျေးရွာနှင့် မနော်သီရိကျေးရွာများရှိ မုန်တိုင်းသင့်ဒေသခံပြည်သူများအား အဖျားရောဂါ၊ သွေးတိုးရောဂါ၊ ဝမ်းရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အရိုး/အကြောရောဂါများ၊ ကလေးရောဂါနှင့် အခြားအထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ပေါက်တောမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ကြက်ခြေနီအသင်းတို့က ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)