မိုင်းယုမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

မိုင်းယု မေ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေး ကိရိယာများက ထောက်ပံ့ပေးအပ်ခဲ့သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြသန်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံနေမှုများနှင့် ပတ်သက်၍ အမှာစကား ပြောကြား ခဲ့ပြီး၊ နိုင်ငံတော်မှ အခမဲ့ ထောက်ပံ့ပေးသည့် ပုံနှိပ်စာအုပ်၊ ဗလာအစာအုပ်များနှင့် စာရေးကိရိယာများနှင့် အလှူရှင်များက လှူဒါန်းသည့် Mask နှင့် Handgel ဗူးများကို တာဝန်ရှိသူများက အသီးသီး ပေးအပ်ခဲ့ကြကာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့ဦးစီးမှူး ဦးအောင်ပြည်စိုးက  ကျေးဇူးတင် စကား ပြောကြားခဲ့သည်။

“ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေး မဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေ ၂၃ ရက်နေ့မှ မေ ၃၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံလျက်ရှိပြီး၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ အခြေခံပညာအထက်တန်း ကျောင်း(၁)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း-ခွဲ(၁)ကျောင်း၊ မူလတန်း(လွန်) ကျောင်း(၁)ကျောင်းနှင့် မူလတန်းကျောင်း(၆)ကျောင်းရှိကြောင်း သိရသည်။

အားချာ